back-iconshare-icon

စိတ်ကို အဆိပ်ထုတ်ခြင်း

အမြဲစိတ်တွေ ကြည်လင်ချင်လား။

လူတစ်ယောက်မှ အရေးကြီးဆုံးက စိတ်ပါပဲ။ ကိုယ့်ရဲ့စိတ်တွေ မကြည်လင်ဘူး၊ အဆင်မပြေဘူးဆို တခြားအရာတွေလည်း အဆင်ပြေဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် မိမိစိတ်ကို အမြဲ ကြည်လင်နေအောင် စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်။

စိတ်ကြည်လင်ဖို့အတွက် အရင်ဆုံး သတိထားရမှာကတော့ ကိုယ့်ရဲ့ အတွေးတွေပါ။
လူ့ဘဝမှာ ကျန်းမာသက်ရှည်ပြီး ချမ်းချမ်းသာသာ နေရပြီး စိတ်မချမ်းသာဘူးဆိုရင်တော့ အသက်ရှင်ရတဲ့ ဘဝဟာ အလကားပါပဲ။ ဒါကြောင့် စိတ်ကို ကြည်လင်ဖို့ အဆိပ်ထုတ်မယ်ဆိုရင် အဆိုးမြင်စိတ်ခံစားမှုတွေ ဖြစ်စေတဲ့ အတွေးတွေကို ကန့်သတ်နိုင်ဖို့လိုပါတယ်။ အဲ့ဒီအစား ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုတွေ ယူဆောင်လာပေးတဲ့ အတွေးတွေကို အစားထိုးပေးရမှာဖြစ်ပါတယ်။

စိတ်ပျော်ရွှင် ငြိမ်းချမ်းတဲ့ အတွေးတွေ ရောက်လာဖို့ဆို ချက်ချင်းပြောင်းလဲဖို့ကတော့ ခက်ခဲပါတယ်။ ဒါကြောင့် အလေ့အကျင့်လေးဖြစ်အောင် အရင်လုပ်ရပါမယ်။
ပထမဆုံးအနေနဲ့ စိတ်ကို အဆိပ်ထုတ်မယ်ဆို စိတ်ကို ညစ်နွမ်းစေတဲ့ အဆိုးမြင်တဲ့ ဒေါသစိတ်၊ မနာလိုစိတ်၊ အမုန်းပွားစိတ်၊ သူများကို ကြည့်လို့မရတဲ့စိတ်၊ သိမ်ငယ်စိတ် စတဲ့ အတွေးတွေမှန်သမျှကို ကန့်သတ်ပစ်ရပါမယ်။ ခက်ခဲတယ်ထင်ရပေမယ့် အလေ့အကျင့်ဖြစ်သွားရင် လွယ်ကူသွားပါလိမ့်မယ်။

စိတ်ကို ၁၀၀ ရာခိုင်နှုန်း အဆိပ်တွေ ထုတ်ပစ်နိုင်ဖို့ဆိုတာ သာမာန်လူသားတွေအတွက် မလွယ်ကူပါဘူး။ ၇၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်ပစ်နိုင်တယ်ဆိုရင်ပဲ ကြည်လင်တဲ့ စိတ်အဆင်တွေ ပိုင်ဆိုင်လာမှာပါ။

ဒီစာအုပ်မှာစိတ်ကိုကြည်လင်သန့်ရှင်း‌အောင်စောင့်ရှောက်နည်း၊ မကောင်းတဲ့ အတွေးအမြင်တွေကိုဖယ်ရှားပြီး ကောင်းမွန်တဲ့ အတွေးအမြင်တွေအစားထိုးနိုင်ဖို့၊ ပြဿနာ‌တွေကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ဖြေရှင်းဖို့နဲ့  ဦးနှောက်ရဲ့ တုံ့ပြန်ပုံ ၊ ပြန်တွေးခေါ်ပုံ တွေးခေါ်နည်းတွေကို အကောင်းဘက်ကိုရောက်အောင်‌ လေ့ကျင့်ပေးမယ့် နည်းလမ်းတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ 


📖 စာမျက်နှာ - ၁၄၃ 
 

Author Mon Halsey
MMK 10,000
Mental Detox
  • world-iconMyanmar
  • book-iconOnly 8 Books Left
  • users-icon15000 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube