back-iconshare-icon

ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်း

တွေ့ဆုံခြင်းတွေကို ကြိုမသိနိုင်သလို

ခွဲခွာခြင်းတွေကိုလည်း ကျွန်မတို့ ကြိုမသိနိုင်ပါဘူး။ဒါကြောင့် အတူရှိနေတဲ့ အခိုက်အတန့်တိုင်းမှာ အကောင်းဆုံး ချစ်ခင်ကြပြီး လမ်းခွဲနှုတ်ဆက်ရတဲ့အခါ နောင်တကင်းကင်း လက်ပြနှုတ်ဆက်နိုင်ဖို့ပဲ လိုပါတယ်။

 

လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်အချိန်မှာ ဆုံစည်းရမယ်ဆိုတာကို ကျွန်မတို့ ကြိုမသိနိုင်ကြဘူး။ ဆုံစည်းဖို့ အကြောင်းကံ ပါလာတဲ့အခါ ဆုံစည်းကြရတယ်။ ဘယ်အချိန်လဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်လိုပတ်သက်မှုနဲ့လဲ ဆိုတာကို ကျွန်မတို့ကြိုမသိကြဘူး။ ဒီလိုနဲ့ပဲ အမှတ်မထင် ဆုံစည်းကြရရင်း ကျွန်မတို့ဘ၀ထဲကို လူတွေ အများကြီး ရောက်လာတတ်ကြတယ်။

ဘ၀ထဲကို လူတွေအများကြီး ရောက်လာတယ်ဆိုတိုင်း တစ်သက်လုံး ကိုယ့်ဘ၀ထဲမှာ နေကြမှာ မဟုတ်ဘူး။ အသက်ရှင်လျှက် ပြန်ပြီး ထွက်ခွာသွားမယ့်သူတွေ ရှိသလို၊ အသက်​ေသဆုံးလို့ အပြီးအပိုင် ထွက်ခွာသွားမယ့် သူတွေရှိတယ်။ တစ်ခါတလေမှာ ကိုယ့်ဘ၀ထဲကို သူတို့သဘောနဲ့သူတို့ ၀င်လာချင်တိုင်း ၀င်လာပြီး၊ သူတို့မနေချင်တော့တဲ့အခါ ထွက်သွားချင်တိုင်း ထွက်သွားတတ်ကြတဲ့သူတွေလဲ ရှိတယ်။

 

ကျွန်မကတော့လေ အခုနောက်ပိုင်းမှာ ဘ၀ကို အိမ်လို့ သဘောထားရင် ဆက်ဆံရေးတွေကို အိမ်တံခါး တစ်ခုလိုပဲသဘောထားတယ်။ အိမ်ကို လာတဲ့ ဧည့်သည်တိုင်းကို အိမ်ရှင်က ဧည့်၀တ်ကျေရသလိုပဲ ကိုယ့်ဘ၀ထဲ ရောက်လာတဲ့သူတိုင်းကို တတ်နိုင်သလောက် အကောင်းဆုံး ဆက်ဆံတယ်။ နောင်တမရှိအောင် နေတယ်။ ဆက်ပြီး နေလိုသူက နေနိုင်ပြီး ထွက်သွားချင်တဲ့သူတွေအတွက်လဲ အမြဲတမ်း တံခါးဖွင့်ပေးထားတယ်။

 

တွေ့ဆုံမှုတွေဟာလဲ ဖန်တီးယူခဲ့ရတာမဟုတ်လို့ ခွဲခွာခြင်းတွေကိုလဲ ဖန်တီးမယူဘူး။ မနေချင်လို့ ထွက်သွားမယ့် သူတွေအတွက် ဘာများဆွဲထားစရာ အကြောင်းရှိနေလို့လဲ။ သွားလိုက သွားပါစေပေါ့။ ခွဲခွာမှုတွေကို ထိုင်ပြီး ၀မ်းနည်းနေဖို့ထက်

အတူရှိနေတုန်းမှာ ကိုယ့်ဘက်က တာ၀န်ကျေခဲ့ဖို့၊ နောင်တကင်းဖို့ကိုပဲ ဦးစားပေးတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ ခွဲခွာရမလဲ ကြိုမသိနိုင်ပေမဲ့ လက်ရှိအချိန်မှာတော့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ထုတ်ဖော် ပြသနိုင်တယ်မဟုတ်ဘူးလား။ တစ်နေ့နေ့မှာတော့ အားလုံးဟာ ခွဲခွာကြရမှာပါပဲ။ ​ေသကွဲဖြစ်ဖြစ်၊ ရှင်ကွဲဖြစ်ဖြစ်ပေါ့။

 

ဘာ​အကြောင်းကြောင့်နဲ့ပဲ နှုတ်ဆက်ရ နှုတ်ဆက်ရ နောင်တကင်းတဲ့ နှုတ်ဆက်ခြင်း၊ လိပ်ပြာလုံတဲ့ ကျောခိုင်းခြင်းတွေ ဖြစ်ဖို့လိုတယ်။ ရုတ်တရက် မြန်ဆန်လွန်းလှတဲ့ နှုတ်ဆက်ခြင်းတွေအတွက် အဆင်သင့်ဖြစ်အောင် စိတ်ကို ကြိုတင်ပြင်ဆင်ထားတတ်ဖို့ လိုပါတယ်။

 

◾စာမျက်နှာ- ၁၄၄

Author Sue Sha May
MMK 8,000
Hkwin lwat chinpyint lwatmyatchin
  • world-iconMyanmar
  • book-iconOnly 2 Books Left
  • users-icon500 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube