back-iconshare-icon

အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများ

လုပ်ငန်းရှင်တွေ၊ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့ အဓိကအားဖြင့် လုပ်ငန်းတိုးတက်ပြောင်းလဲဖို့ တာဝန်က အပြင်မှာမဟုတ်ဘဲ ငါ့ဆီမှာရှိတာဖြစ်တယ်၊ ငါတာဝန်ယူရမယ်ဆိုတဲ့ အမြင်ရှိဖို့လိုတယ်။

 

လုပ်ငန်းဦးဆောင်သူ ကိုယ်တိုင်က အရည်အချင်းတွေကို မြှင့်တင်ရမယ်။ ခေါင်းဆောင်မှုအရည်အသွေးတွေကို ပျိုးထောင်ရမယ်။ စံပြဖြစ်အောင် နေရမယ်။ ပေါင်းသင်းဆက်ဆံရေးတွေ တိုးတက်လာအောင် လုပ်ဆောင်ရမယ်။ ဝန်ထမ်းကောင်းတွေကို ရှာဖွေရမယ်၊ သင်ကြားပေးရမယ်၊ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်တွေကို ပေးပြီး ထိန်းသိမ်းထားဖို့ လိုတယ်။ အချင်းချင်းညီညွှတ်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာအောင် လုပ်ဆောင်ရမယ်။ 

 

လုပ်ငန်းတိုးတက်ဖို့အတွက် သိပ်ကို ဆန်းပြားခမ်းနားတဲ့ မဟာဗျူဟာတွေထက် ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့ မဟာဗျူဟာတွေကို သေသေချာချာ နားလည်သဘောပေါက်ပြီး အမြဲတမ်းအသုံးပြုနေဖို့ လိုတယ်ဆိုတာ သင့်အနေနဲ့ နားလည်သဘောပေါက်ဖို့လိုတယ်။

 

 "အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများ စာအုပ်" ဟာဆိုရင် စီးပွားရေးလုပ်ငန်း လက်ရှိလုပ်ကိုင်နေသူတွေ၊ စတင်မယ့်သူတွေ၊ လုပ်ငန်းရှင်ကိုယ်စား ဦးဆောင်ရသူတွေနဲ့ စီးပွားရေးနည်းပြတွေအားလုံးအတွက် လက်တွေ့ အသုံးချနိုင်မယ့် အကိုးအကား တစ်ခုဖြစ်လာနိုင်ပြီး ဒီစာအုပ်မှာပါတဲ့အတိုင်း လုပ်ဆောင်ဖို့ထက် ကြုံတွေ့နေရတဲ့ တစ်မူထူးခြားတဲ့ အခြေအနေ၊ လုပ်ငန်းသဘာဝနဲ့ လျော်ညီစွာ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။

 

လုပ်ငန်းရှင်တွေလုပ်ကိုင်ရာတွင် ဆနဲ့ချီပြီး တစ်ဟုန်ထိုး တိုးတက်အောင်မြင်ဖို့ လက်တွေ့အသုံးချနိုင်တဲ့ အကြောင်းအရာ (၁၂) ခုကို အသေးစိတ် ဖော်ပြရေးသားထားပါတယ်။

 

📖 စာမျက်နှာ - ၁၉၈ 

 

Author Naing Win Aung
MMK 18,000
Amyat Ngwe Sanaechipyi Toetatsaymae Seepawaryae Mahar Byauuhar
  • world-iconMyanmar
  • book-iconOnly 5 Books Left
  • users-icon1200 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube