coin0 BV-Coincoin0 BV-Point
  |  
book cover
book cover
book cover
ငွေရှာနည်းနဲ့ ငွေကြေးစီမံခန့်ခွဲမှု ဆောင်းပါးများ
Kaung Hein Soe (Strategic)
Strategy, Money Management
16,000 MMK
စာအုပ်မိတ်ဆက်

Passive Income ဆိုတာကတော့ ကိုယ်တိုင်ထဲထဲဝင်ဝင် ပါဝင်အားထုတ်စရာမလိုဘဲ ကိုယ်ကခရီးပဲထွက်နေထွက်နေ၊ အိပ်ရာထဲမှာပဲအိပ်နေအိပ်နေ အချိန်တန်တဲ့အခါ ကိုယ့်အိတ်ကပ်၊ ကိုယ့်ဘဏ်အကောင့်ထဲ ငွေတွေဝင်လာတာကို ဆိုလိုတာပါ။ Financial Freedom လိုခေါ်ကြတဲ့ ငွေကြေးဆိုင်ရာလွတ်လပ်မှုကို ခံစားရရှိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက Passive Income ရှိနေဖို့ပါပဲ။

Passive Income ရဖို့အတွက် Earned Income တစ်ခု အရင်ဆုံးရှိနေဖို့လိုပါတယ်။ ဒုတိယအဆင့်က အဲဒီ Earned Income ကနေ ရာခိုင်နှုန်းတစ်ခုကို လစဉ်စုဆောင်းပြီး ပမာဏတစ်ခုရအောင်လုပ်ရပါမယ်။ ဒီလိုစုဆောင်းနေစဉ်မှာလည်း မိမိရဲ့ Earned Income ကို ဆပွားတိုးလာအောင် လုပ်ဆောင်ရပါမယ်။ ဒါဆို စုလာတာရယ်၊ ဆပွားတိုးလာတာရယ်ကိုပေါင်းပြီး Passive Income တစ်ခုတည်ဆောက်ရုံပါပဲ။

 ဒီစာအုပ်မှာ Personal Finance, Passive Income, Wealth ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ ငွေဘယ်လိုရှာမလဲ၊ အထူးသဖြင့် Passive Income တစ်ခုဘယ်လိုတည်ဆောက်မလဲ၊ ငွေကို ဘယ်လိုထိထိရောက်ရောက်စီမံခန့်ခွဲမလဲ၊ ဘယ်လိုစုဆောင်းပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ စတာတွေနဲ့ပတ်သက်ပြီး စုံစုံလင်လင်ဖတ်ရှုရမှာဖြစ်ပါတယ်။
 

📖 စာမျက်နှာ -၂၆၆
 

1,500 + Reading
Out of Stock