မီလျံနာတစ်ယောက်လိုတွေးပါ
“ချမ်းသာကြွယ်ဝမှုဆိုတာ ငွေဘယ်လောက်ရှိသလဲဆိုတာထက် ငွေကို ဘယ်လိုတွေးခေါ်အသုံးချသလဲဆိုတာက ပိုအရေးကြီးပါတယ်။”
ဒီစာအုပ်က “မီလျံနာတစ်ယောက်လို တွေးပါ” ဆိုတဲ့အတွေးအခေါ်ကနေ စတင်ပြီး ချမ်းသာမှုကို တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ ငွေကြေးဆိုင်ရာ Mindset နဲ့ အလေ့အကျင့်တွေကို လမ်းညွှန်ပေးထားပါတယ်။ ဝင်ငွေကောင်းရုံနဲ့ ချမ်းသာနိုင်တာမဟုတ်ဘဲ ကိုယ့်ရဲ့ငွေကို ဘယ်လိုစီမံမလဲ၊ ဘယ်လိုစုဆောင်းမလဲ၊ ဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆိုတာက ပိုအရေးကြီးကြောင်း သိရှိလာစေမှာပါ။
စာအုပ်ထဲမှာ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းကို ဖြစ်ပေါ်စေတဲ့ ငွေကြေးဆိုင်ရာအတွေးအခေါ်များ၊ ကိုယ့်ရဲ့တိုးတက်ကြီးပွားမှုအပေါ် သက်ရောက်မှုရှိတဲ့ ပတ်ဝန်းကျင်၊ ဝင်ငွေကောင်းပေမယ့် အသုံးစရိတ်ကို မထိန်းချုပ်နိုင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးဖိစီးမှု စတဲ့ အကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။
အဆုံးမှာတော့ ဒီစာအုပ်က “ပိုက်ဆံပိုရှာဖို့” တစ်ခုတည်းကို သင်ပေးတဲ့စာအုပ်မဟုတ်ဘဲ “ရှိပြီးသားငွေကို ဘယ်လိုစီမံပြီး အနာဂတ်အတွက် ချမ်းသာမှုအဖြစ် ပြောင်းလဲတည်ဆောက်မလဲ” ဆိုတာကို နားလည်စေမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ငွေရှာခြင်း၊ ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနဲ့ အနာဂတ်အတွက် ငွေကြေးလွတ်လပ်မှုကို တည်ဆောက်ခြင်း အပေါ် သင့်ရဲ့အမြင်တွေ ပြောင်းလဲလာနိုင်မှာဖြစ်ပါတယ်။
စာမျက်နှာ - 160
- Myanmar
- Only 10 Books Left
- 800 + Reading