back-iconshare-icon

ငွေကြေးလွတ်မြောက်သောဘဝဆီသို့

ငွေကြေးလွတ်မြောက်မှုဆိုတာ ပစ္စည်းဥစ္စာချမ်းသာတာတစ်ခုတည်းမဟုတ်ဘဲ၊ ပူပန်စရာမလိုဘဲ လွတ်လပ်စွာရွေးချယ်ခွင့်ရှိတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်တာပါ။ ကိုယ်လုပ်ချင်တာကို အချိန်မရွေး လုပ်ခွင့်ရပြီး ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တွေကို စိတ်အေးလက်အေး ဖြတ်သန်းချင်သူတိုင်းအတွက် ဒီစာအုပ်က အကောင်းဆုံးလမ်းပြပါလိမ့်မယ်။
 

ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ဆိုတာကလည်း လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ အလုပ်လုပ်စရာမလိုဘဲ ဝင်ငွေစီးဆင်းနေဖို့အတွက် ငွေကြေးပညာ၊ စည်းကမ်းနဲ့ မှန်ကန်တဲ့အလေ့အကျင့်တွေ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ငွေကြေးလွတ်မြောက်တဲ့ဘဝကို ရှာဖွေနေသူတွေအတွက် "Road to Financial Freedom (ငွေကြေးလွတ်မြောက်သောဘ၀ဆီသို့)" ဆိုတဲ့စာအုပ်က လမ်းပြမြေပုံလေးတစ်ခုအဖြစ် ကူညီပေးပါလိမ့်မယ်။

ဒီစာအုပ်မှာ ငွေကြေးလွတ်မြောက်မှုကို ၅ နှစ်အတွင်း အမှန်တကယ်ပိုင်ဆိုင်သွားသူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့လက်တွေ့နည်းလမ်းတွေကို အစ်ကိုတစ်ယောက်က ညီငယ်တစ်ယောက်ကို ပြောပြနေသလို နားလည်လွယ်အောင် ရေးသားထားတာဖြစ်လို့ ဘဏ္ဍာရေးဆိုင်ရာအခေါ်အဝေါ်တွေနဲ့ ခေါင်းရှုပ်နေမှာ မဟုတ်ပါဘူး။

ငွေကြေးပူပန်မှုကင်းကင်းနဲ့ ကိုယ်လိုချင်တဲ့လူနေမှုပုံစံကို တည်ဆောက်ချင်သူတွေ၊ ငွေရှာနည်း၊ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုပညာတွေကို လေ့လာချင်သူတွေအတွက် ဒီစာအုပ်က အထောက်အကူပြုပါလိမ့်မယ်။
 

သင့်အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ဒီစာအုပ်ကနေ လမ်းညွှန်မှုတွေ ရယူပြီး ငွေကြေးလွတ်လပ်တဲ့ဘဝဆီ လျှောက်လှမ်းလိုက်ပါ။

📖 စာမျက်နှာ - ၁၃၆


 

Author Si Thu
MMK 14,500
Road To Financial Freedom
  • world-iconMyanmar
  • book-iconOnly 10 Books Left
  • users-icon500 + Reading
logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube