back-iconshare-icon

ငွေရှာနည်း၊ ငွေကြေးစီမံခန့်ခွဲမှု ပညာနှင့် ကြွယ်ဝမှုစိတ်ထား

ငွေကြေးအကျပ်အတည်းကင်းဖို့ဆိုရင် အများစုက ငွေရှာတာကိုပဲ အဓိကစဉ်းစားတယ်။ ငွေရှာတာက အရေးကြီးတာမှန်တယ်ဆိုပေမဲ့ ငွေကြေးကို စီမံခန့်ခွဲမှုသေချာမလုပ်နိုင်ရင် ကိုယ်ရှာထားတဲ့ငွေကို ထိန်းသိမ်းနိုင်ဖို့၊ အဲဒီငွေကိုအရင်းအနှီးပြုပြီး ကြီးပွားအောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်ရင် Financial Literacy ကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ အခုလို ကျပ်တည်းချိန်မှာ ပိုလို့တောင် အရေးကြီးလာပါတယ်။


ဒီစာအုပ်မှာ ငွေရှာခြင်း (Making Money)၊ ငွေကြေးစီမံခန့်ခွဲမှု (Managing Money) နဲ့ ကြွယ်၀မှုစိတ်ထား (Wealth Mindset) ဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ Earned Income၊ Portfolio Income၊ Passive Income စတဲ့ ငွေရှာနည်းတွေအကြောင်း၊ ထိရောက်တဲ့ Personal Budget ရေးဆွဲနည်း၊ အခြေခံနားလည်ထားသင့်တဲ့ Cash Flow ပုံစံတွေ၊ Assets နဲ့ liabilities များကိုနားလည်သဘောပေါက်ခြင်း၊ ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေခံတွေ၊ ချမ်းသာကြွယ်၀မှုအတွက် ထားရှိရမယ့် စိတ်နေစိတ်ထားနဲ့ အလေ့ထတွေအကြောင်း စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။  

 

အဓိကအားဖြင့်တော့ ငွေကြေးအသိပညာအခြေခံတွေအပြင် ငွေကြေးအပေါ်အမြင်သဘောထား၊ ငွေကြေးဆိုင်ရာလေ့အထနဲ့ စိတ်နေစိတ်ထားတွေရဲ့ အရေးပါမှုကိုပါ ချဉ်းကပ်ထားတဲ့ စာအုပ်လို့ပြောလို့ရပါတယ်။

ငွေကြေးအကျပ်အတည်းကင်းလိုသူတွေ၊ တစ်ခုမကတဲ့ ဝင်ငွေလမ်းကြောင်းတည်ဆောက်လိုသူတွေ၊ ငွေကြေးစီမံခန့်ခွဲမှုကို နားလည်ကျွမ်းကျင်လိုသူတွေ၊ Financial Independence၊ Financial Freedom အိပ်မက်ရှိသူတွေ၊ Financial Literacy/ Personal Finance ကို လေ့လာလိုသူတွေ ဖတ်သင့်တဲ့စာအုပ်တစ်အုပ် ဖြစ်ပါတယ်။


 
📖 စာမျက်နှာ - ၂၁၃ 
 

Author Hein Zaw
MMK 16,000
Master Your Money
  • world-iconMyanmar
  • book-iconOnly 7 Books Left
  • users-icon500 + Reading

People Also Buy

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube