back-iconshare-icon

ငွေကြေးစီမံမှု အတတ်ပညာ

ငွေကိုစီမံနိုင်တဲ့ အသိပညာနဲ့ အရည်အချင်းမရှိရင် ဝင်ငွေမည်မျှပင်ဖြစ်နေပါစေ၊ ငွေနဲ့ပတ်သက်ပြီး ပြဿနာတွေကို ကြုံရနိုင်ပါတယ်။


လူတိုင်း ငွေနဲ့မကင်းကြဘူးဆိုပေမဲ့ ငွေကို ရှာတယ်၊ သုံးတယ် ဒီနှစ်ခုနဲ့ပဲကျင်လည်နေကြတာများပါတယ်။ တကယ်တော့ ငွေရဲ့လုပ်ဆောင်မှုက ဒီနှစ်ခုတည်းတင်မဟုတ်ပါဘူး။ သင့်မှာ ငွေကြေးနဲ့ပတ်သက်တဲ့ဉာဏ်ရှိရင်ရှိသလောက် ချဲ့လို့ရတယ်၊ ဆန့်ထုတ်လို့ရပါတယ်။ ဆိုလိုတာက ငွေကိုတိုးပွားအောင်လုပ်လို့ရတယ်။ ကိုယ့်ရဲ့ကြွယ်၀မှုတိုးပွားလာအောင် ငွေကိုခိုင်းလို့ရပါတယ်။


အဲဒါက သင့်ရဲ့အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်မှု၊ ကျွမ်းကျင်မှုပညာတွေနဲ့ တိုက်ရိုက်အချိုးမကျပါဘူး။ အသက်မွေးဝမ်းကျောင်းပညာကနေ ဝင်ငွေရှာလို့ရတာမှန်ပါတယ်။ ကိုယ့်ရဲ့ဝင်ငွေတည်မြဲဖို့၊ ဝင်ငွေတိုးဖို့ ကိုယ့်ရဲ့အရည်အချင်းတိုးတက်ဖို့၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ Personal Development လည်းလိုပါတယ်။ရလာတဲ့ငွေကို တိုးပွားအောင်နဲ့ ကြွယ်၀အောင်လုပ်ဖို့ကတော့ ငွေကြေးစီမံမှုအတတ်ပညာ (Financial Literacy) ကို နည်းလည်မှသာ အလုပ်ဖြစ်မှာ၊ အောင်မြင်မှာဖြစ်ပါတယ်။ 

 

“လူတစ်ဦးဟာ လေးစားအထင်ကြီးလောက်တဲ့ ပညာတတ်၊ အတတ်ပညာတစ်ခုခုမှာကျမ်းကျင်သူ၊ အောင်မြင်နေသူဖြစ်နိုင်ပြီး ငွေကြေးပိုင်းမှာ နားလည်တတ်မြောက်မှုမရှိသူ ဖြစ်နိုင်ပါတယ်။” လို့ Robert Kiyosaki က ပြောပါတယ်။ ဒါကြောင့် သင့်မှာ ငွေကိုစီမံနိုင်တဲ့၊ ခိုင်းနိုင်လောက်တဲ့ အသိပညာနဲ့ အရည်အချင်းမရှိရင် ဝင်ငွေမည်မျှပင်ဖြစ်နေပါစေ၊ ငွေနဲ့ပတ်သက်ပြီး ပြဿနာတွေရှိနိုင်ပါတယ်။

 

ဆရာမကြည်သာမော် ရဲ့ “ငွေကြေးစီမံမှုအတတ်ပညာ” စာအုပ်ကနေ ကောက်နုတ်ထားတာပါ။ 

 

ဒီစာအုပ်မှာ Financial Literacy၊ ငွေချေးစာချုပ်များနှင့် စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်နှင့် စတော့ရှယ်ယာများကို Technical ပိုင်းအရ လေ့လာခြင်းဆိုပြီး အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ လူတစ်ဦးချင်းစီအတွက် အခြေခံကျကျအရေးကြီးတဲ့ Financial Planning, Money Management ကနေ ငွေစုခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသိသင့်သိထိုက်တာတွေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်မယ့် Asset Class တွေအကြောင်း၊ ငွေချေးစာချုပ် (Bond) နဲ့ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုအသိပညာတွေအထိ လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။

 

📖 စာမျက်နှာ - ၂၀၄ 

Author Kyi Thar Maw
MMK 20,060
Financial Literacy
  • world-iconMyanmar
  • book-iconOnly 5 Books Left
  • users-icon1200 + Reading

People Also Buy

စီးပွားရေး လုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်မြင်ရေး မဟာဗျူဟာများ
စီးပွားရေး လုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်မြင်ရေး မဟာဗျူဟာများKaung Hein Soe (Strategic)MMK 15,104MMK 18,880
ငွေရှာနည်းနဲ့ ငွေကြေးစီမံခန့်ခွဲမှု ဆောင်းပါးများ
ငွေရှာနည်းနဲ့ ငွေကြေးစီမံခန့်ခွဲမှု ဆောင်းပါးများKaung Hein Soe (Strategic)MMK 19,824MMK 24,780
Strategic Marketing
Strategic MarketingAlex KhineMMK 13,216MMK 16,520
ငွေရှာနည်း၊ ငွေကြေးစီမံခန့်ခွဲမှု ပညာနှင့် ကြွယ်ဝမှုစိတ်ထား
ငွေရှာနည်း၊ ငွေကြေးစီမံခန့်ခွဲမှု ပညာနှင့် ကြွယ်ဝမှုစိတ်ထားHein ZawMMK 12,272MMK 15,340
ငွေရှာနည်း စိတ်ပညာ
ငွေရှာနည်း စိတ်ပညာDr. Phyo Min TunMMK 16,992MMK 21,240
နိယာမ
နိယာမDr. Phyo Min TunMMK 18,880MMK 23,600
ငွေကြေးတို့ရဲ့ အရှင်သခင်ဖြစ်လာဖို့
ငွေကြေးတို့ရဲ့ အရှင်သခင်ဖြစ်လာဖို့Phoo Kyaw ZinMMK 17,464MMK 21,830
ကွက်ကြို ငါးလှမ်း
ကွက်ကြို ငါးလှမ်းSaw DavidMMK 14,160
စီမံခန့်ခွဲမှု လုပ်ငန်းတွေ အောင်မြင်စေမယ့် လျှို့ဝှက်ချက်များ
စီမံခန့်ခွဲမှု လုပ်ငန်းတွေ အောင်မြင်စေမယ့် လျှို့ဝှက်ချက်များHla MinMMK 7,552MMK 9,440
Agile Marketing
Agile MarketingKyaw Min HanMMK 11,800
NLP ပညာဖြင့် စီးပွားရေး ဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ခြင်း
NLP ပညာဖြင့် စီးပွားရေး ဆပွားတိုးတက်အောင် ကြိုးပမ်းအားထုတ်ခြင်းNaing Win Aung MMK 37,288MMK 46,610
ရှင်သန်တိုးတက်‌ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်း
ရှင်သန်တိုးတက်‌ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်းKaung Hein Soe (Strategic)MMK 15,104MMK 18,880
ငွေကြေးစီမံမှု အတတ်ပညာ
ငွေကြေးစီမံမှု အတတ်ပညာKyi Thar MawMMK 20,060
အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများ
အမြတ်ငွေ ဆနဲ့ချီပြီး တိုးတက်စေနိုင်မယ့် ရိုးရှင်းသော စီးပွားရေးမဟာဗျူဟာများNaing Win Aung MMK 21,240
logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2024 Better Version. All rights reserved.
facebookyoutube