အရောင်းသမားများအတွက် အကောင်းဆုံးအကြံပြုချက် ၅ ချက်
Better Version

မားကက်တင်းသင်တန်းတွေပေးရင်းနဲ့ အရောင်းပိုင်းနဲ့ပတ်သက်ပြီးမေးခွန်းတွေမေးခံရဖူးပါတယ်။ အဲဒါလေးတွေကို ချုပ်ပြီး ပြန်ရေးပေးလိုက်ပါတယ်။

 

၁။ ကိုယ်ဘာပြောနေတယ်ဆိုတာထက် ဖောက်သည်ကဘယ်လောက်ယုံကြည်သလဲဆိုတာ အရေးကြီးပါတယ်။

 

Sales Presentation ကိုမိုးပျံနေအောင်ကောင်းအောင်လုပ်လို့ရတယ်။ ဒါပေမယ့် ကိုယ်ပြောတဲ့ဟာကို ဖောက်သည်က မယုံကြည်ဘူးဆိုရင် အလကားပါဘဲ။ ရောင်းရဖို့လဲ အခွင့်အလမ်းနည်းပါးသွားမှာဖြစ်ပါတယ်။

အဲတော့ ကိုယ်ပြောချင်တာ ပြချင်တာတွေထက်က ဖောက်သည်နဲ့အရင် ရင်းနှီးအောင် အပေါက်အလမ်းတည့်အောင် အရင်လုပ်သင့်ပါတယ်။

ဘာတွေလုပ်သင့်လဲဆိုရင် မေးခွန်းတွေမေးပါ။ မှန်ကန်တဲ့ မေးခွန်းတွေ ဖြစ်ဖို့လိုပါတယ်။ ကိုယ်ဖောက်သည်ရဲ့ တကယ်လိုအပ်ချက်၊ လိုအင်တွေကို ပြောလာအောင် အရင်လုပ်သင့်ပါတယ်။ ဒီနေရာမှာ OPEN Questions Technique (Operational, Probing, Effect, Nail Down) လိုမျိုး မေးခွန်းမေးတဲ့ နည်းလမ်းမျိုးကို သုံးသင့်ပါတယ်။

ဖောက်သည်တွေကိုယ်တိုင်ကလဲ အချိန်တိုင်းတော့ သူတို့ဘာတွေလိုအပ်တယ်၊ လိုချင်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ Professional Salesman အနေနဲ့ ဖောက်သည်ကို ဘာတွေလိုအပ်တယ်။ ဘာတွေတော့ ဖြစ်သင့်တယ်စသည်ဖြင့် သိလာအောင် ဦးဆောင်ပြောဆိုသင့်ပါတယ်။

သေချာနားလည်ထားသင့်တာကတော့ မယုံရင် မဝယ်ပါဘူး။ ကိုယ့်ထုတ်ကုန် ဝန်ဆောင်မှုက ဘယ်လောက်ဘဲ ကောင်းနေပါစေ ဖောက်သည်က မယုံရင် မဝယ်ပါဘူး။ ယုံကြည်မှုတည်ဆောက်ဖို့လိုပါတယ်။

-------------------

၂။ အရောင်းဖြစ်မြောက်သွားအောင် ဘယ်လိုလုပ်မလဲဆိုတာ မစဉ်းစားထားဘဲနဲ့ Sales Call ထွက်ဖို့မလုပ်ပါနဲ့။

 

“ကိုယ်ဘယ်သွားချင်တယ်ဆိုတာ မသိဘဲနဲ့ဘယ်လိုသွားမယ်ဆိုတာ စဉ်းစားလို့ရမှာမဟုတ်ပါဘူး။” အရောင်းသမားတွေ အနေနဲ့ Sales Presentation တွေကောင်းကောင်းလုပ်တတ်ကြပေမယ့် အရောင်းပိတ်ဖို့အတွက် ကြိုတင်စဉ်းစားထားတတ်ကြတာနည်းပါတယ်။

တကယ်တော့ ကိုယ်ရည်ရွယ်ထားတဲ့ ဖောက်သည် နဲ့ ပတ်သက်ပြီး အရောင်းဖြစ်မြောက်အောင် ဘယ်လိုနည်းလမ်းတွေနဲ့လုပ်မယ်ဆိုတာကို ကြိုတင်စဉ်းစား အစီအစဉ်ချထားသင့်ပါတယ်။ အရောင်းပိတ်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။ ဖောက်သည်တိုင်းကို နည်းလမ်းတစ်ခုတည်းနဲ့ ချဉ်းကပ်လို့မရနိုင်ပါဘူး။ ဒီနေရာမှာ Salesman တွေအနေနဲ့ Closing Techniques များဖြစ်တဲ့ ( The Assumptive Close, The alternative close, Closing on a small issue) အစရှိတဲ့ အရောင်းပိတ်တဲ့ နည်းတွေကို လေ့လာထားသင့်ပါတယ်။

-------------------

၃။ အလားအလာရှိတဲ့ ဖောက်သည်တွေနဲ့အဆက်အသွယ်လုပ်ဖို့အတွက် အချိန်ဇယားဆွဲပါ။ အစီအစဉ်ပြုလုပ်ပါ။

 

အရောင်းသမားတော်တော်များများဟာ ရောင်းဖို့အတွက်သာ အာရုံစိုက်တတ်ကြပါတယ်။ တကယ်ဖြစ်သင့်တာကတော့ ဘယ်ဖောက်သည်တွေကို ဦးစားပေးအဆင့်ဘယ်လောက်ရှိတယ်။ အချိန်ဘယ်လောက်ပေးမယ်။ ဘယ်နေ့တွေ့မယ်။ ဘာပြောမယ်။ အချက် (၂) မှာပြောခဲ့သလို ဘယ်ဖောက်သည်ကိုတော့ ဘယ်နည်းလမ်းတွေသုံးပြီးအရောင်းပိတ်မယ် စသည်ဖြင့် အစီအစဉ်ဆွဲခြင်း၊ အချိန် ဇယားဆွဲခြင်းများပြုလုပ်သင့်ပါတယ်။

-------------------

၄။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါ။ ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှုအပေါ်မှာ ကိုယ်တိုင်ယုံကြည်မှုရှိပါ။

 

ကိုယ်တိုင်တောင်မှ ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှု အပေါ်မှာ ယုံကြည်မှု မရှိဘူး။ ကိုယ့်ကိုကိုယ်လဲယုံကြည်မှု မရှိဘူးဆိုရင် ဘယ်လိုမှရောင်းလို့ရမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အရောင်းသမားတွေဟာ ပိုပြီး ရောင်းရတတ်ပါတယ်။

-------------------

၅။ ပြောထားတဲ့အတိုင်းရအောင်လုပ်ပေးပါ။ Follow-up လိုက်ပါ။

 

အရောင်းသမားတွေက အပြောတွေတော့ ရွှန်းရွှန်းဝေပြီး တကယ်လုပ်တဲ့အခါမျိုးတွေမှာ ဒီနေ့ စာပြန်ပါမယ်ဆိုပြီး မပြန်တာ၊ ဒီနေ့ ဘာလုပ်ပေးပါ၊ ဘာပို့ပေးပါမယ်၊ စသည်ဖြင့် ကတိတွေပေးပြီး ပျက်ကွက်တာ၊ ဒီနေ့တွေ့ပါတယ်ချိန်းထားပြီး မသွားတာ စတာလုပ်မိလို့အရောင်း မဖြစ်တာတွေအများကြီးရှိပါတယ်။ ကိုယ်ပြောရင် ပြောထားတဲ့အတိုင်း လုပ်ပေးပါ။

 

သုတေသန စစ်တမ်းတစ်ခုအရ အရောင်းသမားတစ်ယောက်ဟာ အနည်းဆုံး ၇ ကြိမ်ကနေ ၁၂ ကြိမ်လောက်ထိ Follow-up လုပ်ပြီးမှ အရောင်းဖြစ်တာတွေရှိတယ်လို့ဆိုပါတယ်။ Follow up ဆိုတဲ့ နေရာမှာလဲ မရောင်းရသေးတဲ့သူတွေကို ပြန်လည်ဆက်သွယ်အောင်လုပ်ဖို့ လိုသလို ဝယ်ယူပြီးသားသူတွေကိုလဲ Post-sales follow-up လုပ်သင့်ပါတယ်။

 

အရောင်းသမားကောင်းဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ Skillset ၊ ထားရမယ့် စိတ်နေသဘောထားတွေ အပြင် ဖောက်သည်တွေနဲ့ဆက်ဆံတဲ့အခါမှာ နားလည်ထားရမယ့်အကြောင်းအရာတွေရှိပါတယ်။

 

အပေါ်က လိုအပ်တဲ့ အရည်အသွေးတွေ ဖြည့်ဆည်းနိုင်ဖို့ နောက် Blog တွေမှာလည်း တင်ပေးသွားမှာဖြစ်လို့ Better Version Website မှာ အချိန်မရွေး၊ နေရာမရွေး ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။

 

 

3 Likes

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube