အရောင်းအ၀ယ်တစ်ခုမှာ ပိုထိရောက်စေနိုင်တဲ့ စေ့စပ်ညှိနှိုင်းမှုလုပ်နိုင်ဖို့အတွက် ဒီအချက်တွေကို ဖတ်ပြီးပြင်ဆင်ကြမယ်။
ညှိနှိုင်းခြင်းက သိမ်မွေ့တဲ့ အနုပညာတစ်ခုပဲဖြစ်ပါတယ်။
-----------------
သေချာစဥ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့တွေ ဘာလုပ်ငန်းပဲလုပ်လုပ် လုပ်ငန်းထဲမှာ သေချာပေါက် ညှိနှိုင်းရေးကို လုပ်ကိုလုပ်နေရတယ်ဆိုတာ တွေ့ရလိမ့်မယ်။ဝန်ထမ်းနဲ့လုပ်ငန်းရှင်တွေကြား၊ ၀ယ်သူတွေ ဖောက်သည်တွေ အပြင် တခြား ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လူတွေနဲ့ နေ့စဥ် ညှိယူနေရတာဘဲ။
အရောင်းသမားတွေအတွက်ဆို ညှိနှိုင်းရေးက အရောင်းလုပ်ငန်းစဥ်ထဲမှာ တစ်ခုပါ၀င်ပါတယ်။
-----------------
၀ယ်သူတွေလည်းစိတ်ကျေနပ်အောင်၊ ကိုယ့်အတွက်လည်း အကျိုးအမြတ်ရနိုင်အောင် အတတ်နိုင်ဆုံးညှိနှိုင်းရပါတယ်။ ဒါ့ကြောင့် အရောင်းသမားတိုင်းက ထိထိရောက်ရောက် ညှိနှိုင်းနည်းကို ကောင်းကောင်းသိရှိနားလည်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အရောင်းညှိနှိုင်းမှုက ဘာလဲ၊ အရောင်းမှာ ဘာကြောင့်အရေးကြီးတာလဲဆိုတာကို လေ့လာပြီး အရောင်းသမားတိုင်း ညှိနှိုင်းရေးလုပ်ငန်းစဥ်မှာ ရလာဒ်ကောင်းကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်လို နည်းလမ်းတွေနဲ့ ကျော်ဖြတ်ရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
“အရောင်းမှာ စေ့စပ်ညှိနှိုင်းမှုက ဘာလို့အရေးကြီးတာလဲ။”
-----------------
- အရောင်းအ၀ယ်လုပ်တဲ့အခါမှာ ညှိနှိုင်းခြင်းရဲ့ တန်ဖိုးက ဘက်စုံအသုံး၀င်ပါတယ်။ ညှိနှိုင်းခြင်းက ရောင်းသူနဲ့၀ယ်သူ နှစ်ဖက်စလုံးအတွက် အကျိုးအမြတ်ရှိပြီး အပြုသဘောဆောင်တဲ့ သဘောတူညီချက်တွေဖြစ်ပေါ်စေပါတယ်။ ၀ယ်သူဖောက်သည်တွေနဲ့လည်း ရေရှည်ဆက်ဆံရေးတည်ဆောက်ရာတွင်လည်း ကူညီပေးပါတယ်။
- ညှိနှိုင်းမှုမရှိရင် အရောင်းသမားတွေနဲ့ ၀ယ်ယူနိုင်ချေရှိတဲ့ ၀ယ်သူဖောက်သည်တွေကြားမှာ စျေးနှုန်းညှိနှိုင်းတဲ့အခါပဲဖြစ်ဖြစ်၊ စာချူပ်တွေချုပ်ဆိုတဲ့အခါပဲဖြစ်ဖြစ်၊ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ရလဒ်တွေကို ဆုံးဖြတ်ဖို့ကြိုးစားတဲ့အခါမှာ ပဋိပက္ခနှင့် စိတ်ပျက်ဖွယ်ရာ ဖြစ်နိုင်ချေပိုများပါတယ်။ နောက်ဆုံး ၀ယ်သူနဲ့ဆက်ဆံရေးပျက်ပြီး ကိုယ့်ဆီက ပြန်လာမ၀ယ်တာမျိုး၊ မကောင်းတဲ့ ဝေဖန်ချက်တွေရလာတာမျိုး ဖြစ်တတ်ပါတယ်။
အရောင်းမှာ ထိထိရောက်ရောက်နဲ့ ညှိနှိုင်းဖို့ ဘာကြောင့်လိုအပ်လဲဆိုတာ ပြောပြပြီးပြီဆိုတော့ အရောင်းညှိနှိုင်းရေးမှာ အောင်မြင်စေဖို့ ဘယ်လို ကျွမ်းကျင်မှုတွေ(Skills) လိုအပ်လဲဆိုတာ လေ့လာကြည့်ရအောင်။
လိုက်လျောမှုများကို ရှင်းလင်းစွာ သတ်မှတ်ပါ။
-----------------
အရောင်းသမားတစ်ယောက်အနေနဲ့ အမြဲတမ်း ၀ယ်သူတောင်းဆိုသမျှ၊ ပြောသမျှကို ခေါင်းငြိမ့်နေလို့ မရပါဘူး။ ဥပမာ − စျေးညှိနေတဲ့အခါ ၀ယ်သူက စျေးလျှော့ခိုင်းလို့ ရောင်းရရင်ပြီးရောဆိုပြီး လျှော့ပေးလိုက်ပြီးမှ သဘောတူညီချက်စာချုပ် ချုပ်ဆိုဖို့ စတင်ရေးဆွဲတဲ့အခါမှာ သင်သဘောမတူသင့်၊ လက်မခံသင့်တဲ့ စျေးနှုန်းဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်။ တစ်ချို့ကိစ္စတွေမှာလည်း ထိုနည်းတူစွာပဲ ၀ယ်သူအဆင်ပြေရင်ပြီးရောဆိုပြီး လိုက်လျောမိလိုက်တာတွေရှိပါတယ်။ ဒါကြောင့် ၀ယ်သူနှင့်မတွေ့ဆုံခင် လျှော့စျေးတွေ၊ အခမဲ့ဝန်ဆောင်မှုတွေ သို့မဟုတ် အခြားအပို၀န်ဆောင်မှုတွေပေါ် ကန့်သတ်ချက်များကို ရှင်းရှင်းလင်းလင်းသတ်မှတ်ထားခြင်းက သင့်အတွက် အကျိုးရှိတဲ့သဘောတူညီချက်တစ်ခု ရရှိစေမှာဖြစ်ပါတယ်။
၀ယ်သူစကားနားထောင်ပြီးမှ ညှိနှိုင်းခြင်းစပါ။
-----------------
သင်က ၀ယ်သူကို သဘောတူညီချက်ရဲ့ စည်းကမ်းနှင့်သတ်မှတ်ချက် (Terms and conditions)တွေကို ရှင်းပြပြီးတဲ့အခါမှာ ၀ယ်သူဘက်ကညှိနှိုင်းချင်တဲ့အချက်တွေရှိလာပါလိမ့်မယ်။ ၀ယ်သူဘက်က လျော့စျေးပေးဖို့တွေ၊ ငွေပေးချေမှု ပုံစံတွေ၊ အမြန်ပို့ဆောင်မှုတွေ၊ ၀ယ်သူလိုအပ်ချက်တွေနှင့်ကိုက်ညီစေဖို့ ကုန်ပစ္စည်းကို စိတ်ကြိုက်ပြင်ဆင်ခြင်း (customization) တွေ အစရှိတဲ့ တောင်းဆို ညှိနှိုင်းမှုတွေစလာနိုင်ပါတယ်။ ဒီအခါ ပထမ ၀ယ်သူပြောတာနားထောင်ပြီး ဒုတိယ ညှိနှိုင်းဖို့အတွက် စကားစပါ။ ၀ယ်သူရဲ့အတွေးကိုထုတ်မပြခိုင်းရင် သင့်ရဲ့၀ယ်သူ ဘာတွေးနေလဲဆိုတာ မသိနိုင်ဘူးလား။
ဒါကြောင့် ဝယ်သူရဲ့ ပြောစကားတွေကို သေချာနားထောင်ပြီး၊ အဓိကရည်ရွယ်ချက် အကြောင်းအရင်းတွေကို မေးမြန်းနိုင်ဖို့လိုပါတယ်။ ဝယ်သူရဲ့ စိန်ခေါ်မှုတွေ၊ လိုအင်တွေ၊ လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေ ကို သေချာ နားထောင်ပြီးမှ ကိုက်ညီတဲ့ တုန့်ပြန်မှုမျိုးတွေ လုပ်ပြီး ညှိနှိုင်းခြင်း စတင်ပါ။
စျေးလျော့ရောင်းခြင်းက နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။
-----------------
ဒါဘာပြောချင်တာလဲဆိုရင် ဥပမာ သင်ရဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုက ၁သောင်းတန်ကို ၀ယ်မဲ့သူက ၅၀%လျော့စျေးနဲ့ လိုချင်တယ်။ အဲ့အခါ နှစ်ဦးနှစ်ဖက်ညှိရင်းနဲ့ နောက်ဆုံး ၇၅၀၀ နဲ့ပေးလိုက်တယ်။ ဒီနည်းလမ်းက မျှတပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတယ် ထင်ရပေမယ့် တကယ်တမ်းကျတော့ ရောင်းတဲ့သူကလည်း စျေးကို မှန်းထားတာထက်အများကြီးလျော့ပေးလိုက်ရတယ်။ ၀ယ်သူကလည်း ပိုပေးလိုက်ရတဲ့အတွက် အရောင်းအ၀ယ်ဖြစ်သွားပေမယ့် နှစ်ဖက်စလုံးရဲ့ စိတ်ထဲမှာ မအီမသာဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် လျော့စျေးပေးမယ်ဆိုရင်တောင် မူရင်းစျေးနှုန်းနဲ့ အနည်းငယ်မျှ ကွာခြားပြီး ၀ယ်သူလည်း လက်ခံနိုင်ဖွယ်ရှိတဲ့ ပမာဏကိုသတ်မှတ်ရင် သင့်ရဲ့အမြတ်ပေါ်မှာ ရိုက်ခတ်မှုလည်း လျော့နည်းသွားပါလိမ့်မယ်။
ဒါအပြင် ညှိနှိုင်းခြင်းမှာ ဈေးတစ်ခုတည်းကို အာရုံစိုက်ခြင်းဟာ နှစ်ဦးနှစ်ဖက်အတွက် အဆင်မပြေဘူး။ ညှိနှိုင်းရေးသမားကောင်းတွေဟာ ညှိနှိုင်းရေးတစ်ခုမှာ လဲလှယ်စရာတွေကို သတ်မှတ်နိုင်စွမ်းရှိကြပြီးတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ နည်းလမ်းတွေကို ရှာဖွေနိုင်ကြပါတယ်။
ကိုယ်ပေးနိုင်တဲ့ အနေအထားကိုသုံးသပ်ပြီးမှ ၀ယ်သူတောင်းဆိုမှုကိုလိုက်လျောပါ။
-----------------
အရောင်းသမားတွေမှာ အများဆုံးကြုံတွေ့ရတဲ့ ပြသနာက ၀ယ်သူတောင်းဆိုသမျှလိုက်လျောပေးခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်က တစ်ဖက်ကလိုချင်တာကိုအမြဲညှိပေးရမယ့် တာ၀န်မရှိတာကိုတော့ သတိထားပေးပါ။
ဥပမာဆိုရင် ၀ယ်သူ၊ ဖောက်သည်က စျေးနဲ့ပတ်သတ်ပြီး ဖိအားပေးလျော့ခိုင်းနေတဲ့ အချိန်အခါမျိုးမှာဆိုရင် “ကျွန်တော်စျေးလျော့ပေးမယ်ဆိုရင် အမ/အကိုဘက်ကနေ အခုရေ ၁,၀၀၀ မှာပေးနိုင်မလား”။ ဒါမှမဟုတ် “အမ/အကို တို့ အခုရေ ၁,၀၀၀ မှာမယ်ဆိုရင် ကျွန်တော် စျေးကို ၂၀၀၀ဆီ လျော့ပေးပါမယ်” ဆိုတာမျိုးနဲ့ ညှိနှိုင်းသင့်ပါတယ်။
ကိုယ်ပေးနိုင်တဲ့ အနေအထားကို သုံးပြီး နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာမျိုးကို ထိန်းချုပ်ရမယ့်အခြေအနေမျိုးနဲ့ သုံးနိုင်မယ်ဆိုရင် ညှိနှိုင်းရေး၊ ရောင်း၀ယ်ရေးမှာ ပိုပြီးအဆင်ပြေလာမှာဖြစ်ပါတယ်။
သဘောတူညီမှုအတွက် သတ်မှတ်ချက်တွေကို သင့်တော်တဲ့အချိန်မှာ ပြင်ဆင်သင့်ပါတယ်။
-----------------
ညှိနှိုင်းမှုများသည် ရှုပ်ထွေးပြီး အချိန်အတော်ကြာ ရှေ့တိုးနောက်ဆုတ်ဖြစ်နိုင်ပါသည်။ ယေဘုယျအားဖြင့် နှစ်ဖက်စလုံးရဲ့ အတွေးအမြင်တွေကို သေချာညှိနှိုင်းဖို့လိုအပ်ပြီး သတ်မှတ်ချက်တွေကို တစ်ချက်ချင်းဆီ ဆွေးနွေးဖို့လိုပါတယ်။ ရွေးချယ်စရာ သတ်မှတ်ချက်တွေများစွာကို တင်ပြထားပေမယ့် တစ်ချို့ကို လက်ခံနိုင်ပြီး တစ်ချို့အချက်တွေကို ဖြုတ်ပစ်ရတာမျိုးတွေကို ရှိတဲ့အတွက် ခဏခဏပြန်ပြင်ရတာဖြစ်တတ်ပါတယ်။ ဒါကြောင့် ဥပဒေအရ စာချုပ်အမျိုးအစားတွေကို မရေးမီ နှစ်ဖက်စလုံးမှ နှုတ်ဖြင့် သဘောတူညီပြီးသည့်အချိန်အထိ စောင့်သင့်ပါတယ်။
----------------
~ ဒီလောက်ဆိုရင် အရောင်းအ၀ယ်တစ်ခုမှာ ညှိနှိုင်းမှုလုပ်တဲ့အခါ ဘယ်လိုတွေလုပ်ရမလဲ၊ ညှိနှိုင်းရေးသမားကောင်းဖြစ်လာဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာသိသွားလောက်ပါပြီ။
~ ထိရောက်ပြီး ရလာဒ်ကောင်းတဲ့ ညှိနှိုင်းမှုတွေကို အကောင်းဆုံးပြုလုပ်နိုင်ဖို့ စိတ်၀င်စားတဲ့လူတွေအတွက်လည်း ကျွန်မတို့ Better Version မှ ဖွင့်လှစ်သင်ကြားပေးနေတဲ့ “Better Negotiator” ဆိုတဲ့ သင်တန်းကို တက်ရောက်လို့ရပါတယ်။ သင်တန်းအတွက် အသေးစိတ် သိရှိလိုပါက 09880902558 - 09880902559 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
~ ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
Related Post
Related Course
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Aung Min Nyein
MMK 70,000