“အလုပ်ကြိုးစားလွန်းလို့ ဘယ်သူမှ ဆုမပေးပါဘူး။ ရလဒ်ထွက်တဲ့လူတွေကိုဘဲ ဆုပေးကြတာဖြစ်ပါတယ်။”
ဘောလုံး အားကစားပြိုင်ပွဲဆိုပါစို့။ ဘယ်လောက်ဘဲကြိုးစား ကြိုးစား နောက်ဆုံးမှာ ဂိုးသွင်းနိုင်တဲ့လူတွေဘဲ အနိုင်ရမှာဖြစ်ပါတယ်။ ပရိတ်သတ်ပေးတဲ့ ဆု ဆိုတာမျိုး ရရင်တောင် တကယ် အောင်ပွဲမှတ်တမ်းမှာ ဂိုးသွင်း အနိုင်ရတဲ့ အသင်းကိုဘဲ မှတ်တမ်းတင်ကြမှာပါ။
အရောင်းသမားဆိုပါတော့.. ဝယ်သူဘယ်နှစ်ယောက်ဆီကို ဆက်သွယ်ခဲ့တယ်ဆိုတာထက် ဘယ်နှစ်ယောက်ကို ရောင်းလိုက်နိုင်တယ်ဆိုတာ ပိုအရေးကြီးပါတယ်။
လူတိုင်းမှာ တန်းတူညီစွာရတာဆိုလို့ “အချိန်” ဘဲရှိတယ်။ ဘီလီယံနာတွေကနေ သန့်ရှင်းသမားထိ
အချိန် ၂၄ နာရီဘဲ ရမှာပါ။ အချိန်ကိုအကောင်းဆုံးအသုံးချနိုင်တဲ့ လူတွေဘဲ ရလဒ်ကောင်းတွေရယူနိုင်မှာ ဖြစ်ပါတယ်။
ဟားဗက် တက္ကသိုလ်ကနေ လုပ်တဲ့ သုတေသန စစ်တမ်းတွေအရ ရလဒ်ကောင်းတွေရဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိတယ်။ ဒီနည်းလမ်းမှာ အဆင့်သုံးဆင့်ရှိတယ်။
ဒီသုံးဆင့်ကို မလုပ်ခင်မှာ အရင်ဆုံး ကိုယ်တကယ်လိုချင်တဲ့ ရလဒ်ကို ရှင်းလင်းရမယ်။
အဆင့် ၁) ကိုယ်လိုချင်တဲ့ ရလဒ်တွေရဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာ အရင်ရေးချပါ။
ဆိုပါတော့.. ဒီလ ရောင်းအားပြည့်မှီရအောင် ရောင်းမယ်ဆိုရင်
ဥပမာ။ ။ ။
~ ဝယ်သူစာရင်းစုရန်
~ လက်ရှိ ဆက်သွယ်ပြီးသားလူတွေနဲ့ ပြန်ဆက်သွယ်ရန်
~ ဖေ့စဘွတ်မှာ ပို့စ်တင်ရန်
~ ရောင်းမယ့် ပစ္စည်းတွေ အဆင်သင့်ဖြစ်အောင်လုပ်ရန်
~ ငွေလွှဲရန်
~ သင်တန်းတက်ရန်
စသည်ဖြင့် လုပ်စရာစာရင်းထွက်လာပါမယ်။
၂) ဦးစားပေးစာရင်း ပြန်ရွေးပါ။
ဒီစာရင်း အပေါ်က လုပ်စရာစာရင်းတွေထဲကမှ ဒီနေ့၊ ဒီအပတ်၊ ဒီလ လုပ်ကိုလုပ်သင့်တဲ့ အလုပ် သုံးခုကနေ ၅ ခုက ရွေးပါ။ ဒီနေရာမှာ ကိုယ်ရွေးတဲ့အလုပ်သည် ကိုယ်တိုင်ပါမှရမယ့်အလုပ်မျိုး၊ ကိုယ်လိုချင်တဲ့ ရလဒ်ကို တကယ်အထောက်အပံ့ဖြစ်စေမယ့် အလုပ်မျိုးကို ဦးစားပေးရွေးချယ်သင့်တာဖြစ်ပါတယ်။
၃) အလုပ်တွေကို အချိန်သတ်မှတ်ပါ။
ဦးစားပေးရွေးချယ်ပြီးပြီဆိုရင် ဘယ်အလုပ်ကို ဘယ်အချိန်မှာ လုပ်မယ်ဆိုတာမျိုးကို တခါတည်း သတ်မှတ်ပါ။ အကောင်းဆုံးကတော့ Calendar App တွေ သုံးပြီးတော့ Time-Boxing လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။
အကောင်းဆုံး၊ အလိုချင်ဆုံး ရလဒ်တွေရယူဖို့အတွက် ရှင်းလင်းတဲ့ ရည်မှန်းချက်၊ ပန်းတိုင်ထားရှိပါ။
၁) လုပ်စရာတွေ၊ လုပ်သင့်တာတွေ စဥ်းစား ဆုံးဖြတ်ပါ။
၂) ဦးစားပေး စာရင်း ရွေးချယ်ပါ။
၃) လုပ်စရာအလုပ်တွေကို အချိန်သတ်မှတ်ပြီး လုပ်ပါ။
Better Version Website မှာ နေ့စဥ် အကျိုးရှိတဲ့မှတ်စု၊ စာပေ၊ ဘလော့များ ဖတ်ရှုနိုင်ပါတယ်။
နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။
Related Post
Related Course
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Aung Min Nyein
MMK 70,000