Learn with a Free Trial
ဝယ်လိုအားအပြောင်းအလဲဖြစ်ခြင်း အကြောင်းအရင်းများ
Min Than Htut

လုပ်ငန်းတစ်ခု၊ ထုတ်ကုန်တစ်ခုအတွက် အစီအစဥ်တွေရေးဆွဲတဲ့အခါ၊ အရောင်းပိုင်း၊ မားကတ်တင်းပိုင်းအတွက် အစီအစဥ်ချမှတ်ကြတဲ့အခါမှာ Forecasting Demand (ဝယ်လိုအားခန့်မှန်းခြင်း) ကိုလုပ်ရပါတယ်။ 

Demand ဘယ်လောက်ရှိနိုင်သလဲဆိုတာကို တွက်ချက်ခြင်းအားဖြင့် ကိုယ့်လုပ်ငန်းအတွက်လိုအပ်မယ့် အရင်းအမြစ်စုဆောင်းတာတွေ၊ ဈေးကွက်ရွေးချယ်တာတွေ၊ ကြော်ငြာစရိတ်၊ တခြားကုန်ကျစရိတ်တွေ တွက်ချက်တာတွေအတွက် အထောက်အကူအများကြီးဖြစ်တယ်။

ဈေးနှုန်းအပြောင်းအလဲမှာ ဝယ်လိုအားအပြောင်းအလဲဖြစ်တယ်။ များသောအားဖြင့် ဝယ်လိုအားအပြောင်းအလဲဖြစ်ခြင်းကို ဈေးနှုန်းနဲ့ အလေးပေးစဥ်းစားကြတယ်။ ဘယ်ဈေးနှုန်းထားလိုက်ရင်တော့ ဘယ်လောက်ဝယ်လိုအားပြောင်းသွားမယ်။ ကျသွားမှာလား၊ တက်သွားမှာလား စသည်ဖြင့် ခန့်မှန်းကြတယ်။ ဈေးနှုန်းအပြောင်းအလဲမှာ ဝယ်လိုအားကျသွားတယ်ဆိုရင် ဈေးပေါ်မှာအများကြီးမူတည်တဲ့ အခြေအနေ၊ ဈေးနှုန်းအပြောင်းအလဲမှာ ဝယ်လိုအားပုံမှန်အတိုင်းဘဲ ဖြစ်နေတယ်ဆိုရင် ဈေးနှုန်းပေါ်သက်ရောက်မှု နည်းတဲ့အခြေအနေရယ်ဆိုပြီး အဓိက နှစ်မျိုးရှိတယ်။ 

 

ထပ်ခွဲရင်တော့ စုစုပေါင်း အခြေအနေငါးမျိုးရှိပါတယ်။
◼︎ဈေးကွက်ရဲ့ လိုအပ်မှု၊ လိုချင်မှုတွေ ပြောင်းလဲခြင်း

စားသုံးသူ၊ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေ၊ လိုချင်တဲ့ ပုံစံတွေပြောင်းလဲသွားတဲ့အချိန်မှာလဲ ဝယ်လိုအား အပြောင်းအလဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေ၊ ဝယ်သူကိုယ်တိုင်ရဲ့ နေထိုင်မှုပုံစံ၊ အဆင့်အတန်း၊ ပညာအရည်အချင်း စသည်ဖြင့် ပြောင်းလဲသွားတဲ့အချိန်မျိုးတွေမှာ ဝယ်ချင်တဲ့ပစ္စည်းတွေ မတူတော့ဘူး။ ကိုယ့်ဝယ်သူတွေရဲ့ လိုအပ်ချက်တွေ၊ လိုအင်တွေကို စောင့်ကြည့်လေ့လာနေဖို့လိုပါတယ်။

  •  
  • ◼︎အစားထိုး ပစ္စည်းများ များပြားလာခြင်း

ပြိုင်ဘက်တွေ ပိုများလာတာ၊ ဝယ်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ တခြားသောအစားထိုးအရာတွေ များလာတဲ့အခြေအနေမျိုးမှာလဲ ဝယ်လိုအားအပြောင်းအလဲဖြစ်ပါတယ်။ ရေမသောက်လည်း အချိုရည်သောက်လို့ရတာပဲ။ နှစ်ရာတန် ရေသောက်မယ့်အစား သုံးရာတန် အချိုရည်ပြောင်းသောက်မယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ ပြိုင်ဘက်လို့ပြောလိုက်ရင် တိုက်ရိုက်ယှဥ်ပြိုင်ရတဲ့ ပြိုင်ဘက်တွေကော၊ လိုအပ်ချက်၊ လိုအင်ဖြည့်ဆည်းပုံချင်းတူတဲ့ တခြားသော ပြိုင်ဘက်တွေ (ဥပမာ။ ။ ရေ နဲ့ အချိုရည်)၊ ဝယ်သူရဲ့ သုံးစွဲမှုကို ဝေစုလုရတဲ့ သဘောရှိတဲ့ပြိုင်ဘက်တွေ (အပန်းဖြေခရီး နဲ့ TV) ကိုပါထည့်သွင်းစဥ်းစားကြည့်ဖို့လိုပါတယ်။

  •  
  • ◼︎အနာဂတ်အပေါ် ယုံကြည်မှု

ဝယ်သူတွေဟာ အနာဂတ်အပေါ်မှာ ဘယ်လောက်ယုံကြည်သလဲဆိုတာပေါ်မူတည်ပြီး ဝယ်လိုအား အပြောင်းအလဲဖြစ်တယ်။ ကိုဗစ်ဖြစ်တဲ့အချိန်မှာ သုံးစွဲဖို့ တွန့်သွားကြတာ၊ နိုင်ငံရေး မတည်ငြိမ်ဖြစ်တဲ့အချိန်မှာ ငွေသုံးဖို့ တွန့်သွားကြတာမျိုးပေါ့။ ဒါကြောင့် ကိုယ့်ဝယ်သူရဲ့ စိတ်နေသဘောထား၊ အနာဂတ်နဲ့ပက်သက်တဲ့ အမြင်ကိုလဲ လေ့လာသင့်တယ်။

  •  
  • ◼︎ဝယ်သူရဲ့ ဝင်ငွေအနေအထား

နောက်တစ်ခုက သူကိုယ်တိုင် လက်ရှိမှာ ဝင်ငွေဘယ်လောက်ဝင်နေသလဲ။ တခြားသောအသုံးစားရိတ်ရှိတဲ့ နေရာတွေ ဘယ်လိုပြောင်းသွားလဲ။ အနာဂတ်မှာ ဝင်ငွေဘယ်လောက်လောက်ထိ ရှာနိုင်မလဲဆိုတဲ့ သူရဲ့ ယုံကြည်မှုပေါ်မှာလဲ မူတည်တယ်။

  •  
  • ◼︎ကြော်ငြာ

ဒီမှာကျတော့ စဥ်းစားရမှာ တော်တော်များတဲ့အပိုင်းပါ။ ကိုယ်တိုင်ကြော်ငြာအတွက် ဘယ်လောက်သုံးလဲ။ ဘယ်လိုကြော်ငြာလဲ။ ဘယ်ကနေကြော်ငြာလဲ။ ဘယ်သူတွေကနေ တဆင့်ကြော်ငြာလဲ စတဲ့အချက်တွေနဲ့ ပြိုင်ဘက်တွေရဲ့ ကြော်ငြာတွေ၊ လုပ်ငန်းတစ်ခုလုံးထဲမှာရှိနေတဲ့ ကြော်ငြာတွေပေါ်မှာ မူတည်ပြီးတော့ ဝယ်သူဟာ ဝယ်ချင်စိတ်ဖြစ်တာ၊ ဝယ်လိုအား အပြောင်းအလဲ ဖြစ်တယ်။ ကိုယ့်လုပ်ငန်းအတွက်၊ မားကက်တင်း၊ အရောင်းပိုင်း အစီအစဥ်တွေအတွက် ဝယ်လိုအားစဥ်းစားတဲ့အခါ ဒီအချက်တွေကိုထည့်သွင်းစဥ်းစားပါ။ ဝယ်လိုအားဟာ ဝယ်သူဆီကနေလာတယ်။ ဈေးကွက်အခြေအနေအပေါ်မူတည်သလို ကိုယ့်လုပ်ငန်းရဲ့ လုပ်နိုင်စွမ်းတွေနဲ့ လဲချိတ်ဆက်တယ်။ ဒါအပြင် ပြင်ပ လှိုင်းတွေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ ဂေဟစနစ်အပြောင်းအလဲ နဲ့ ဥပဒေအပြောင်းအလဲတွေနဲ့သက်ဆိုင်တယ်။ အဓိကကတော့ ကိုယ့်ဝယ်သူပါ။ ကိုယ့်ဝယ်သူကို ကိုယ် အတတ်နိုင်ဆုံးနားလည်အောင်ကြိုးစားပါ။

◼︎Better Version  မှာ အရောင်းပိုင်း ၊ မားကတ်တင်းပိုင်းနဲ့ ပတ်သတ်တဲ့ online course များကို Better Version Application မှတဆင့်လေ့လာသင်ကြားနိုင်ပါတယ်။ သင်တန်းများတက်ရောက်နိုင်ရန်အတွက် Page Messenger (သို့) 09880902558 - 09880902559 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။


နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။

0 Like

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2026 Better Version. All rights reserved.
facebookyoutube