သင့်လုပ်ငန်းရဲ့ မားကက်တင်းက ဘယ်လောက် အားကောင်းသလဲ - Marketing Audit
Min Than Htut

Marketing Audit ဘယ်လိုလုပ်ကြမလဲ။

စျေးကွက်ရှာဖွေခြင်း၊ စျေးကွက်ကို စီမံခန့်ခွဲခြင်းဟာ လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ လက်ရှိကိုယ့်လုပ်ငန်းရဲ့ မားကက်တင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်အားကောင်းသလဲ။ အားနည်းချက်တွေရှိနေလား။ ဘယ်နေရာတွေမှာ ရှိနေသလဲ ဆိုတာကို ဆန်းစစ်တတ်ဖို့လိုပါတယ်။

 

ဒီနေ့ကျွန်တော် မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ Marketing Audit ဘယ်လိုလုပ်ကြမလဲ။ ဘာတွေ စဉ်းစားကြရမလဲ ဆိုတာ အကြောင်းအရာပေါ့။

Marketing Audit လုပ်မယ်ဆိုရင်တော့ အပိုင်းသုံးပိုင်းရှိပါတယ်။ အဲဒါတွေကတော့

  1. ◼️ The Internal Marketing Environment ( ကိုယ့်လုပ်ငန်းတွင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို စစ်ဆေးခြင်း)
  2. ◼️ The external Marketing Environment ( ကိုယ်လုပ်ငန်းနဲ့ စပ်ဆက်နေတဲ့အကြောင်းအရာတွေကို စစ်ဆေးခြင်း)
  3. ◼️ A Review of Current Marketing Plan ( လက်ရှိရှိနေတဲ့စျေးကွက်နဲ့ပတ်သက်နဲ့အစီအစဉ်တွေကို သုံးသပ်ခြင်း)

…စတာတွေဘဲ ဖြစ်ပါတယ်။

 

The Internal Marketing Environment (လုပ်ငန်းတွင်းဆိုင်ရာများ)

ဒီနေရာမှာတော့ အောက်ပါမေးခွန်းတွေကို မေးကြည့်ရမှာဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို မေးကြည့်ပြီးတော့ ကိုယ့်လက်ရှိအခြေအနေပေါ်မှာ မူတည်ပြီးတော့ တစ် (အားအရမ်းနည်းတယ်) ကနေ တစ်ဆယ် (အားအရမ်းကောင်းတယ်) ပေးကြည့်ရမှာ ဖြစ်ပါတယ်။

– လက်ရှိ မားကက်တင်းမှာ ဘယ်သူတွေနဲ့ဖွဲ့စည်းထားလဲ။ ဘယ်လောက်အရည်အချင်းရှိတဲ့ လူတွေလဲ။

– လက်ရှိ မားကက်တင်း အဖွဲ့ကကော ဘယ်လောက်ထိ ထိရောက်မှု ရှိနေလဲ။ ဘယ်လောက်ထိ လုပ်နိူင်စွမ်းရှိလဲ။

– လက်ရှိ မားကက်တင်း ဌာနက ကိုယ့်အဖွဲ့အစည်းမှာ တစ်ခြား ဌာနတွေနဲ့ ဆက်သွယ်လုပ်ဆောင်မှု ဘယ်လောက်အားကောင်းသလဲ။

– CRM ( ဖောက်သည်တွေ နဲ့ပတ်သက်တဲ့အချက်အလက်တွေ ထိန်းသိမ်းထားတာ၊ စဉ်ဆက်မပြတ် အဆက်အသွယ်ရှိနေအောင်လုပ်ထားတာတွေကကော ဘယ်လောက်ထိ ထိရောက်မှုရှိနေလဲ။)

– မားကက်တင်းအတွက် အစီအစဉ်ချ လုပ်ဆောင်တဲ့လုပ်ငန်းစဉ်တွေကကော ဘယ်လို အခြေအနေမျိုးမှာ ရှိနေလဲ။

– လက်ရှိ ကိုယ့်မှာ ရှိတဲ့ စျေးကွက်၊ ဖောက်သည်နဲ့ပတ်သက်တဲ့အချက်အလက်တွေကကော ဘယ်လောက်ထိ တိကျသလဲ။ Update ဘယ်လောက်ဖြစ်သလဲ။

– Product အသစ်အတွက် ကြိုးစားနေတယ်ဆိုရင်ကော အဲဒါက ဘယ်လို အခြေအနေမှာရှိလဲ။

– လက်ရှိ Product တွေရဲ့ အမြတ်အစွန်း အခြေအနေကကော ဘယ်လို အနေအထားတွေလဲ။

– ကိုယ်ချမှတ်ထားတဲ့စျေးနှုန်းကကော မှန်ကန်မှု ရှိလား။ စျေးကွက်နဲ့ကော ကိုက်ညီရဲ့လား။

–  ရောင်းချ ဖြန်ဖြူးရေး အနေအထားတွေကကော ထိရောက်မှု ဘယ်လောက်ရှိလဲ။

–  လက်ရှိလုပ်နေတဲ့အရောင်းမြှင့်တင်ရေး တွေကကော အလုပ်ဖြစ်ရဲ့လား။ ဘယ်လောက်အတိုင်းအတာထိအလုပ်ဖြစ်နေလဲ။

– ဖောက်သည်တွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့ ဝန်ထမ်းတွေကိုကော သင့်တော်တဲ့လူတွေ သေချာ ရွေးချယ်ခန့်ထားလား။

–  ဖောက်သည်တွေအနေနဲ့ လုပ်ငန်းနဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ အဆင်ပြေပြေ ဖြစ်နေရဲ့လား။ ကိုယ့်ဖောက်သည်တွေရဲ့ ဝယ်ယူမှု၊စားသုံးမှု အဆင့်ဆင့်တွေကော အဆင်ပြေနေရဲ့လား။

– ကိုယ့်လုပ်ငန်းရဲ့အပြင်အဆင်၊ အနေအထားတွေရဲ့အခြေအနေတွေကကော ဘယ်လို အနေအထားတွေရှိနေလဲ။

 

The External Marketing Environment (လုပ်ငန်းနဲ့စပ်ဆက်နေတဲ့ပြင်ပကြောင်းအရာတွေ) 

ဖောက်သည်ကို အလေးပေးတာ၊ ဝယ်သူကို အမြဲအခြေပြုပြီး စဥ်းစား ဆောင်ရွက်တတ်တဲ့လုပ်ငန်းတွေအနေနဲ့ ဖောက်သည်တွေနဲ့ ပတ်သက်ပြီး အမြဲတမ်းမေးနေရမယ့်မေးခွန်းတွေက 

– ဖောက်သည်တွေရဲ့လိုအပ်ချက်တွေ လိုအပ်တွေက ဘာတွေ ဖြစ်မလဲ။ ဘယ်လို ဖြည့်ဆည်းပေးနိူင်မလဲ။ လိုအပ်ချက်တွေ၊ လိုအင်တွေ ပြောင်းသွားတာတွေဘာရှိလဲ။ ကိုယ်လုပ်ငန်းကကော ဒီအချက်တွေကို သိနေပြီလား။

– ဖောက်သည်တွေ ဝယ်ယူမှု လုပ်တဲ့အခါမှာ ဘယ်လို အကြောင်းအရာတွေကို စဉ်းစားတတ်ကြသလဲ။ (Consumer Behavior ကိုလေ့လာသင့်ပါတယ်။)

– ကိုယ့်လုပ်ငန်းပေါ်မှာကော ဘယ်လို အမြင်မျိုးတွေရှိလဲ။ ကိုယ့်လုပ်ငန်းအပေါ်မှာဘဲ စွဲစွဲမြဲမြဲ ဝယ်ယူလေ့ရှိသလား။ 

– ဖောက်သည်တွေအတွက် ဘယ်အရာတွေက အရေးကြီးသလဲ။ ကိုယ့်လုပ်ငန်းအနေနဲ့ကော ဘယ်လိုဖြည့်ဆည်းနိူင်မလဲ။ 

– ကိုယ်ရှိနေတဲ့ စျေးကွက်မှာဆိုရင် စျေးကွက်ပိုင်းခြားခြင်း၊ ဖောက်သည် ရွေးချယ်ခြင်း စတာတွေကို ဘယ်လိုလုပ်ဆောင်သင့်သလဲ။ လုပ်ဆောင်နေကြသလဲ။ 

ကိုယ်ပြိုင်ဘက်တွေ ပတ်သက်ပြီးတော့ စဉ်းစားသင့်တာတွေကတော့ 

– ကိုယ့်ပြိုင်ဘက်တွေရဲ့စျေးနှုန်း သတ်မှတ်ချက်တွေ၊ အမြတ်အစွန်းရတဲ့အခြေအနေတွေကကော ဘယ်လို အခြေအနေရှိလဲ။ 

– အားသာချက်၊ အားနည်းချက်တွေကကော ဘာတွေလဲ။ 

– ပြိုင်ဘက်တွေရဲ့ စျေးကွက် အစီအမံ တွေ မဟာဗျူဟာတွေကကော ဘယ်လိုပုံစံတွေလဲ။ စတာတွေကို လေ့လာရမှာဖြစ်ပါတယ်။ 

မားကက်တင်း သမားကောင်းတစ်ယောက်ဟာ၊ စျေးကွက်မှာ အမြဲ ဦးဆောင်နေတတ်တဲ့လုပ်ငန်းတွေ အနေ နဲ့ အရေးပေးပြီစဉ်းစားလေ့ရှိတာ စျေးကွက်နဲ့ Culture ဖြစ်ပါတယ်။ 

– ဖောက်သည်တွေရဲ့ယုံကြည်မှု ကိုးကွယ်မှုတွေကကော ဘာလဲ။ 

– ပညာရေး အဆင့်အတန်းတွေ ကောဘယ်လောက်ရှိလဲ ကြလဲ။ 

– လက်ရှိဖောက်သည်တွေရဲ့ လူနေမှု ပုံစံတွေက ဘယ်လိုပုံစံတွေလဲ၊ နောက်ဆိုရင်ကော ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိူင်သလဲ။ 

– လက်ရှိ စျေးကွက်အခြေအနေမှာကော ဝယ်ယူစားသုံးမှု ပုံစံတွေက ဘယ်လိုတွေ ဖြစ်နေလဲ။ 

နောက်ထပ်ပြီး လေ့လာသင့်တဲ အချက်တွေကတော့ လက်ရှိဖောက်သည်တွေရဲ့အသက်အရွယ်အပိုင်းအခြားတွေ၊ လူဦးရေ အခြေအနေတွေ၊ ဝင်ငွေ၊ မိသားစု အရေးအတွက် စတာတွေ လေ့လာသင့်ပါတယ်။ 

 

⚫️ နည်းပညာဟာ လူနေမှု ပုံစံတွေ စီးပွားရေး အခြေအနေ ယဉ်ကျေးမှု စတာတွေပေါ်မှာ အလွန်ဘဲ သက်ရောက်မှု ရှိပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီးတော့ လဲ ကိုယ်လုပ်ငန်း၊ ကိုယ့်စျေးကွက် နဲ့ ပတ်သက်ပြီး လေ့လာဖို့လိုလာပါတယ်။ 

⚫️ စျေးကွက် ပညာမှာ Need, Want and Demands ဆိုပြီး အဓိက အယူအဆ အနေနဲ့ လေ့လာရပါတယ်။ ဒီနေရာမှာ Demand ဖြစ်ဖို အတွက် Needs, Wants အပြင် Time and Money ( resources) တွေလဲ လိုအပ်ပါသေးတယ်။ ကိုယ့်စျေးကွက်ရဲ့ဝယ်ယူနိူင်စွမ်း၊ စီးပွားရေး အခြေအနေတွေကိုလဲ လေ့လာသင့်ပါတယ်။ 

နောက်တစ်ခု အနေနဲ့အရေးအကြိးဆုံးကတော့ နိူင်ငံရေးပါဘဲ။ နိူင်ငံရေး နဲ့ စီးပွားရေး ဟာ အပြန်အလှန်သက်ရောက်မှု ရှိပါတယ်။ အဲလိုဘဲ ကိုယ့်လုပ်ငန်းအတွက် စျေးကွက်စီမံခန့်ခွဲခြင်းဆိုင်ရာ အကြောင်းအရာတွေမှာပါ သက်ရောက်မှု ရှိနိူင်တဲ့အတွက် ဒီအချက်ဟာလဲ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်ဖြစ်ပါတယ်။

 

Marketing Auditing အတွက် နောက်ဆုံးတစ်ပိုင်းဖြစ်တဲ့ A review of the current marketing plan 

( လက်ရှိစျေးကွက်ရရှိရေး အစီအစဉ်ကို သုံးသပ်ခြင်း) ဖြစ်ပါတယ်။ 

 

⚫️ ဒီအပိုင်းမှာ သုံးသပ်သင့်တဲ့အကြောင်းအရာတွေ အနေနဲ့တော့ 

– လက်ရှိလုပ်ငန်းရဲ့ စျေးကွက်နဲ့ ပတ်သက်တဲ့ရည်မှန်းချက်ကဘာလဲ။ 

– လက်ရှိလုပ်ငန်းမှာ ခုမှတ်ထားတဲ့မဟာဗျူဟာက ဘာလဲ။ 

– စျေးကွက်ထိုးဖောက်ရေးအတွက် လိုအပ်ချက်တွေ ဖြစ်တဲ့ Product, Price, Place, Promotion, People, Process, Physical Evidence တွေကိုကော ဘယ်လို လုပ်ဆောင်နေကြသလဲ။ 

– စျေးကွက်အစီအမံတွေ အကောင်အထည်ဖော်ခြင်းကိုကော ထိရောက်မှု ရှိရှိ ထိန်းချုပ်နိူင်စွမ်းရှိနေလား။ 

– လုံလောက်တဲ့ ငွေကြေးအထောက်အပံ့တွေ ပေးထားလား။ 

– တိကျသေချာပြီး လုပ်နိူင်စွမ်းရှိတဲ့တိုင်းတာလို့ရတဲ့ရည်မှန်းချက်တွေ ချမှတ်ထားလား။ SMART Goals ကိုလေ့လာပါ။ 

– လက်ရှိ စျေးကွက်ရှာဖွေရေး အဖွဲကကော မဟာဗျူဟာ၊နည်းဗျူဟာ၊ အစီအစဉ်တွေကို သေချာ အကောင်အထည်ဖော်နေကြရဲ့လား။ 

– ဝန်ထမ်းတွေ ရဲ့အခြေအနေကကော ဘယ်လိုလဲ။ 

– လုံလောက်တဲ့သင်တန်းတွေ ပေးထားကြလား။ 

– အတွေ့အကြုံတွေကော ဘယ်လောက်လောက် ရှိနေကြသလဲ။ 

– ကိုယ့်ရဲ့လက်ရှိစျေးကွက် ဝေစုကကော ဘယ်လောက်လောက် ရှိလဲ။ Product တစ်ခုချင်းစီရဲ့ အမြတ်အစွန်းအခြေအနေကကော ဘယ်လိုရှိလဲ။ 

– ငွေကြေးနိူင်ဆိုင်တဲ့ ရည်မှန်းချက်တွေကော ရနေလား။ 

ဒါအပြင် လေ့လာသုံးသပ်ရာမှာ အသုံးများတဲ့SWOT analysis, PEST or PESTLE, Five Forces Analysis စတဲ့Tools ကိုလဲ လေ့လာပြီး ချိန်ထိုး သုံးသပ်ကြည့်သင့်ပါတယ်။ နောက်များမှာ Tools တစ်ခုခြင်းစီ ကို ရေးပေးနိူင်အောင်ကြိုးစားသွားပါမယ်။ 

 

Marketing Audits လုပ်ကြည့်ခြင်းအားဖြင့် ကိုယ့်ရဲ့အားသာချက်၊အားနည်းချက် စတာတွေ မြင်လာမှာ ဖြစ်ပြီးတော့ ကိုယ့်လိုချင်တဲ့ရည်မှန်းချက်ရောက်အောင် ပြောင်းလဲ ပြင်ဆင်သင့်တာတွေကို တွေ့လာမှာပါတယ်။ 

မားကက်တင်း ဗျူဟာတွေ လေ့လာချင်ရင် – Practical Marketing Strategies သင်တန်းရှိပါတယ်။ သင်တန်းအတွက် အသေးစိတ်သိရှိလိုပါက 09880902558, 09880902559  ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

Better Version - ရိုးရှင်းတယ်၊ထိရောက်တယ်၊လက်တွေ့ကျတယ်။

0 Like

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube