ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့
လူတိုင်း အချစ်နဲ့ မကင်းကြဘူး။
အချစ်ကြောင့် လမ်းတွေ့သွားသူရှိသလို အချစ်ကြောင့် လမ်းပျောက်သွားသူတွေလည်း မနည်းဘူး။
အချစ်က ဘ၀မဟုတ်ဘူး။ အချစ်က ဘ၀တစ်ပိုင်းတစပါဆိုကြလည်း တကယ်တမ်း အချစ်နဲ့ထိပ်တိုက်တွေ့တဲ့အခါ ဘ၀ပျက်သွားကြတဲ့ လူတွေလည်း ရှိပါတယ်။
ဒီစာအုပ်က အချစ်ကြောင့် လမ်းပျောက်သူကို လမ်းစရှာပေးနိုင်ချင်မှ ရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု ၊ ၀မ်းနည်းမှု ၊ ခံပြင်းမှု ဝေဒနာတွေကိုတော့ သက်သာစေမှာပါ။
အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကို ပိုပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာစေမှာပါ ။အချစ်မရှိ တစ်ကိုယ်ရည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာလို့ ယုံကြည်ပါတယ်။
အချစ်ကြောင့် ဒါမှမဟုတ် နေ့စဉ်လူနေမှု ဘ၀ကြောင့် သောကတွေ ၊ ကြောင့်ကြမှုတွေ ၊ ၀မ်းနည်းနာကျင်မှုတွေ ခံစားနေရပြီး ရှေ့ဆက်ဖို့ အားအင်နည်းနေခဲ့ရင် ဒီစာအုပ်က အလင်းစက်အဖြစ် ကူညီဖေးမနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆရာမနိုင်းနိုင်းစနေ၏ အမှာစာမှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။
- Myanmar
- Only 5 Books Left
- 750 + Reading