ကံကောင်းခြင်း တံခါးလာခေါက်တဲ့အခါ
ဂျပန်တွေရဲ့ အဆိုက အရွက် (၄) ရွက်ပါတဲ့ Magic Clover အရွက်တစ်ရွက်တိုင်းမှာ ကိုယ်စားပြု တစ်ခုစီပါကြတယ်။ (၄) ရွက်မှာ ပထမတစ်ရွက်က အချစ်၊ ဒုတိယအရွက်က မျှော်လင့်ချက်၊ တတိယအရွက်က ယုံကြည်မှုနဲ့ အပိုပါလာတဲ့ စတုတ္ထအရွက်က ကံကောင်းခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုကြတယ်။
ကျွန်တော်တို့တော်တော်များများက ကံကောင်းချင်ကြတယ်။
ကံကောင်းခြင်းတွေက ကိုယ့်ဆီကို အလွယ်တကူ ရောက်လာလိမ့်မယ်လို့လည်း ထင်တတ်ကြသေးတာ။
“ကံဆိုသည်မှာ အလုပ်“ လို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စကားလေးဟာ သိပ်ကို မှန်တယ်။ ကျွန်တော်တို့ အလုပ်တွေလုပ်နေမှ ကံက ကောင်းလာမှာပဲ ဖြစ်တယ်။ ဒီစာအုပ်လေးအကြောင်း အကြမ်းဖျဉ်းပြောရရင် ကံကောင်းခြင်းအပင်လေးကို စစ်သည်တော် နှစ်ယောက် သွားရှာကြတဲ့ ဇာတ်လမ်းလေးက အဓိကပေါ့။
ကံကောင်းခြင်းအပင် မပေါက်ရောက်နိုင်တဲ့ တောအုပ်ထဲကို ရောက်သွားကြတဲ့ စစ်သည်တော် နှစ်ယောက်ရဲ့ ခံယူချက်၊ မျှော်လင့်ချက်၊ လုပ်ရပ်တွေက ဖတ်နေရင်းမှာတင် ဘယ်သူက အပင်ကို ရနိုင်လဲဆိုတာကို သင်ခန့်မှန်းနိုင်မှာပါ။ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်။ ဒါပေမဲ့ အဲဒီအခက်အခဲတွေကို သင်ဘယ်လို ရင်ဆိုင်ကျော်လွှားသွားနိုင်လဲဆိုတာက သင့်ကို ဘယ်လိုလူဖြစ်စေလဲဆိုတာပါပဲ။
📖 စာမျက်နှာ - ၁၁၂
- Myanmar
- Only 5 Books Left
- 500 + Reading